Curriculum
Course: JLPT N5 Level with Minna no Nihongo Text...
Login

Curriculum

JLPT N5 Level with Minna no Nihongo Textbook

ふくしゅう(Lesson1~8)

0/1

そうふくしゅう

0/1
Audio lesson

Lesson 1 Mondai (2)

00:00
00:00
Press Enter or Space to show volume slider.

mondai 2 မှာတော့ ပြထားတဲ့ပုံကိုကြည့်ပြီး သူပြောတာနဲ့တိုက်ကြည့်ပြီးအဖြေရှာရမှာပါ။

れいဥပမာမှာ ပုံ၃ပုံရှိပါတယ်။

ပုံ(၁)မှာ ညဘက်ဖြစ်ပြီး ညာဘက်အပေါ်ထောင့်မှာရှိတဲ့နာရီက၉နာရီကိုညွန်ပြထားပါတယ်။ အဲ့ဒီတော့ည(၉)နာရီလို့ပြောချင်တာပါ။

ပုံ(၂)မှာ နေထွက်ကာစအချိန်ဖြစ်ပြီး ဘယ်ဘက်မှာရှိတဲ့သူကအိပ်ချင်မူးတူးဖြစ်နေပါတယ်။ ညာဘက်အပေါ်ထောင့်မှာရှိတဲ့နာရီက(၇)နာရီကိုညွန်ပြထားပါတယ်။ အဲ့ဒီတော့မနက်(၇)နာရီလို့ပြောချင်တာပါ။

ပုံ(၃)မှာ နေကအလယ်တည့်တည့်မှာရှိနေပြီး ၂ယောက်စလုံးကချွေးတွေထွက်နေပါတယ်။ ညာဘက်အပေါ်ထောင့်မှာရှိတဲ့နာရီက(၁)နာရီကိုညွန်ပြထားပါတယ်။ အဲ့ဒီတော့နေ့လည်(၁)နာရီလို့ပြောချင်တာပါ။

စကားပြောမှာက「おはようございます。」”မင်္ဂလာမနက်ခင်းပါ”လို့ပြောထားတာဖြစ်လို့ အဖြေကနံပါတ်(၂)ပါ။

မရှင်းတာရှိရင် Q&A မှာမေးထားနိူင်ပါတယ်။

Lesson Materials