မင်္ဂလာပါရှင်။ ဒီ course မှာ Cambridge English Young Learners စာမေးပွဲပုံစံအတိုင်း mock test ၆ စုံ ဖြေဆိုနိုင်ပါတယ်။ မစခင် ဒီစာမျက်နှာကို မိဘနဲ့ ကလေး အတူတူ တစ်ခေါက် ဖတ်ကြည့်ပါ။
၁။ ဘယ်အဆင့်ကို ဖြေရမလဲ
| Level |
CEFR |
သင့်တော်တဲ့ ကလေး |
| Starters |
Pre A1 |
English စသင်တာ ၁ နှစ်လောက် ရှိပြီး စကားလုံးလွယ်လွယ်နဲ့ ဝါကျတိုတို ဖတ်တတ်တဲ့ ကလေး |
| Movers |
A1 |
Starters အဆင့် ပြီးထားပြီး ပုံပြင်တိုတို ဖတ်နိုင်၊ အတိတ်ကာလ (past simple) သိတဲ့ ကလေး |
| Flyers |
A2 |
Movers အဆင့် ပြီးထားပြီး စာပိုဒ်ရှည်ရှည် ဖတ်နိုင်၊ ဝါကျကိုယ်တိုင် ရေးနိုင်တဲ့ ကလေး |
မသေချာရင် Starters Test 1 ကနေ စဖြေကြည့်ပါ။ shield ၄ ခုနဲ့အထက် ရရင် နောက်အဆင့်ကို တက်ဖြေကြည့်လို့ ရပါတယ်။
၂။ စာမေးပွဲပုံစံ
| Level |
Listening |
Reading & Writing |
Speaking |
| Starters |
4 parts · 20 Q · 20 min |
5 parts · 25 Q · 20 min |
4 parts · 3–5 min |
| Movers |
5 parts · 25 Q · 25 min |
6 parts · 35 Q · 30 min |
4 parts · 5–7 min |
| Flyers |
5 parts · 25 Q · 25 min |
7 parts · 44 Q · 40 min |
4 parts · 7–9 min |
၃။ ဖြေဆိုပုံ
- Test တစ်စုံမှာ Listening၊ Reading & Writing၊ Speaking practice ဆိုပြီး ၃ ပိုင်း ရှိပါတယ်။ တစ်ပိုင်းချင်းစီ သီးသန့် ဖြေရပါတယ်။
- Start ကို နှိပ်တာနဲ့ အချိန် စမှတ်ပါတယ်။ အချိန်ကုန်ရင် အလိုအလျောက် အဖြေတင်ပါတယ်။
- မေးခွန်းတစ်ခုကို တစ်မျက်နှာစီ ပြပါတယ်။ Next ▶ နဲ့ ရှေ့ဆက်၊ ◀ Back နဲ့ ပြန်သွားနိုင်ပါတယ်။
- 🚩 Check later နဲ့ မသေချာတဲ့ မေးခွန်းကို မှတ်ထားပြီး၊ ▦ Questions ကနေ မဖြေရသေးတဲ့ မေးခွန်းတွေကို ကြည့်နိုင်ပါတယ်။
- Listening — မေးခွန်းတိုင်းမှာ အသံဖိုင် ရှိပါတယ်။ ▶ ကို နှိပ်ပြီး နားထောင်ပါ။ စာမေးပွဲအစစ်လိုပဲ အသံကို နှစ်ခါ ဖွင့်ပေးပါတယ်။ နားကြပ် သုံးရင် ပိုကောင်းပါတယ်။
- ✏️ Type your answer လို့ ပါတဲ့ မေးခွန်းမှာ အဖြေကို English လို စာရိုက်ထည့်ရပါတယ်။ စာလုံးပေါင်း မှန်မှ အမှတ်ရပါတယ်။ ဂဏန်းမေးရင် 7၊ 14 လို ဂဏန်းနဲ့ ရိုက်ပါ။
- စာမေးပွဲအစစ်မှာ မျဉ်းဆွဲတာ၊ အရောင်ခြယ်တာတွေ လုပ်ရပါတယ်။ Online မှာတော့ မှန်တဲ့အဖြေကို ရွေးတဲ့ပုံစံနဲ့ ဖြေရပါတယ်။ စစ်ဆေးတဲ့ အရည်အချင်းကတော့ အတူတူပါပဲ။
၄။ ရမှတ်နဲ့ shield
Cambridge Young Learners စာမေးပွဲမှာ အောင်၊ ရှုံး မရှိပါဘူး။ Listening၊ Reading & Writing၊ Speaking တစ်ခုစီအတွက် shield ၁ ခုကနေ ၅ ခုအထိ ရပါတယ်။ ဒီ course မှာလည်း ဖြေပြီးတာနဲ့ Part အလိုက် ရမှတ်နဲ့ shield ခန့်မှန်းချက်ကို ပြပေးပါတယ်။
| မှန်တဲ့ ရာခိုင်နှုန်း |
Shield (ခန့်မှန်း) |
| 90% နဲ့အထက် |
🛡️🛡️🛡️🛡️🛡️ |
| 75% – 89% |
🛡️🛡️🛡️🛡️ |
| 55% – 74% |
🛡️🛡️🛡️ |
| 35% – 54% |
🛡️🛡️ |
| 34% နဲ့အောက် |
🛡️ |
Shield အရေအတွက်က YEC ရဲ့ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ စာမေးပွဲအစစ်ရဲ့ တွက်နည်းနဲ့ အတိအကျ မတူနိုင်ပါဘူး။
၅။ အကြံပြုချက်
- ပထမအကြိမ်မှာ အချိန်မှတ်ပြီး စာမေးပွဲအစစ်လို တစ်ထိုင်တည်း ဖြေကြည့်ပါ။
- ဖြေပြီးရင် မှားတဲ့ မေးခွန်းတွေရဲ့ မြန်မာလို ရှင်းလင်းချက်ကို ဖတ်ပါ။ Listening မှာ Audio script ကိုပါ ကြည့်ပြီး ပြန်နားထောင်ပါ။
- Speaking practice ကို မိဘ (သို့) ဆရာမနဲ့ အတူ အသံထွက် လေ့ကျင့်ပါ။
- ရက်အနည်းငယ် ခြားပြီး Test 2 ကို ဖြေကြည့်ပါ။ အားနည်းတဲ့ Part ကို ပြန်လေ့ကျင့်ပါ။
ဒီ course ထဲက မေးခွန်းတွေအားလုံးက YEC က ကိုယ်တိုင်ရေးထားတဲ့ လေ့ကျင့်ရေးမေးခွန်းတွေ ဖြစ်ပါတယ်။ Cambridge University Press & Assessment ရဲ့ တရားဝင်ထုတ်ဝေမှု မဟုတ်ပါ။