Curriculum
Course: JLPT N4 ဂျပန်စာ|くらしと しごとの 日本語(Can-do コース)
Login

Curriculum

JLPT N4 ဂျပန်စာ|くらしと しごとの 日本語(Can-do コース)

Text lesson

Unit 1 🎯 もくひょう

ともだちと はなす(ふつうけい)|သူငယ်ချင်းနဲ့ ပေါ့ပေါ့ပါးပါး ပြောမယ်

ဂျပန်မှာ နေရင် သူငယ်ချင်းတွေ၊ အလုပ်က စီနီယာတွေ です・ます မပါဘဲ ふつうけい နဲ့ ပြောတာကို နေ့တိုင်း ကြားရပါတယ်။ ဒီ unit မှာ ふつうけい စနစ်ကို သေချာ ပြန်စီပြီး သူငယ်ချင်းနဲ့ ပေါ့ပေါ့ပါးပါး ပြောပုံ၊ ကိုယ့်အမြင် ပြောပုံ၊ သူများစကား ပြန်ပြောပုံကို လေ့လာမယ်။ N4 သဒ္ဒါ အများစုက ふつうけい နောက်မှာ ဆက်တာမို့ ဒီ unit က အခြေခံအုတ်မြစ်ပါပဲ။

🎯 ဒီ Unit ပြီးရင် လုပ်တတ်မယ့် အရာတွေ(Can-do)

  • ✅ သူငယ်ချင်းနဲ့ ふつうけい သုံးပြီး သဘာဝကျကျ စကားပြောတတ်မယ်
  • ✅ ကိုယ့်ထင်မြင်ချက်ကို 「〜と 思おもう」 နဲ့ ပြောတတ်မယ်
  • ✅ တခြားသူ ပြောတဲ့စကားကို ပြန်ပြောပြတတ်ပြီး မိုးလေဝသ ခန့်မှန်းချက်လို စကားတွေကို နားလည်မယ်

📚 ဒီ Unit ရဲ့ လေ့လာစဉ်

  1. 🎬 ことばと ぶんぽう(動画)
  2. ことば(音声つき)
  3. ぶんぽう 5 こ
  4. かいわ(音声つき)
  5. 🎬 かいわと れんしゅう(動画)
  6. かんじ・よみもの・くらしの ヒント
  7. ちょうかい れんしゅう
  8. まとめ・Can-do チェック → Unit テスト

💡 Video ကို ကြည့်ပြီး စာကြောင်းတွေကို အသံထွက် လိုက်ပြောပါ။ Unit တစ်ခုကို ၃–၄ ရက်လောက်နဲ့ ပြီးအောင် လေ့လာဖို့ အကြံပြုပါတယ်။