Curriculum
Course: Minna no Nihongo I Listening Class
Login

Curriculum

Minna no Nihongo I Listening Class

Text lesson

第1課 かいわ「はじめまして」

🎧 တက္ကသိုလ်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ပထမဆုံးအကြိမ် တွေ့ကြပြီး မိတ်ဆက်ကြပါတယ်။
Script ကို မကြည့်ခင် အသံကို ၂ ခါလောက် အရင်နားထောင်ကြည့်ပါ။

スクリプト(Script)

だいがくで おとこの 人と おんなの 人が はなしています。
男 はじめまして。アウンです。 မင်္ဂလာပါ။ ကျွန်တော် အောင်ပါ။
女 はじめまして。はやしです。どうぞ よろしく。 မင်္ဂလာပါ။ ကျွန်မ ဟာယာရှိပါ။ တွေ့ရတာ ဝမ်းသာပါတယ်။
男 はやしさんは 学生ですか。 ဟာယာရှိက ကျောင်းသူလားဗျ။
女 はい、学生です。さくら大学の 学生です。アウンさんも 学生ですか。 ဟုတ်ကဲ့၊ ကျောင်းသူပါ။ ဆာကုရ တက္ကသိုလ်က ကျောင်းသူပါ။ ကိုအောင်ကော ကျောင်းသားလား။
男 いいえ、学生じゃ ありません。けんきゅうしゃです。 ဟင့်အင်း၊ ကျောင်းသား မဟုတ်ပါဘူး။ သုတေသီပါ။
女 そうですか。アウンさんは ミャンマー人ですか。 ဟုတ်လား။ ကိုအောင်က မြန်မာလူမျိုးလား။
男 はい、ミャンマー人です。はやしさんは 中国人ですか。 ဟုတ်ကဲ့၊ မြန်မာပါ။ ဟာယာရှိကရော တရုတ်လူမျိုးလား။
女 いいえ、中国人じゃ ありません。日本人です。 ဟင့်အင်း၊ တရုတ် မဟုတ်ပါဘူး။ ဂျပန်ပါ။
男 あ、そうですか。 အော်၊ ဟုတ်လား။
女 アウンさんは なんさいですか。 ကိုအောင်က အသက် ဘယ်လောက်လဲ။
男 にじゅうはっさいです。 နှစ်ဆယ့်ရှစ်နှစ်ပါ။
女 わたしも にじゅうはっさいです。どうぞ よろしく おねがいします。 ကျွန်မလည်း နှစ်ဆယ့်ရှစ်နှစ်ပါပဲ။ ခင်ခင်မင်မင် ရှိကြရအောင်နော်။

ポイント

  • 「AはBです」 က A ဟာ B ပါ ဆိုတဲ့ အခြေခံဝါကျပါ။ 「アウンです」「ミャンマー人です」 လို့ ကိုယ့်နာမည်၊ လူမျိုးကို ပြောတဲ့အခါ သုံးပါတယ်။ နောက်ဆုံးမှာ 「か」 ထည့်ရင် 「学生ですか」 လို့ မေးခွန်း ဖြစ်သွားပါတယ်။
  • 「〜じゃ ありません」 က 「〜です」 ရဲ့ အငြင်းပုံစံပါ။ 「学生じゃ ありません」 ဆိုရင် ကျောင်းသား မဟုတ်ပါဘူး လို့ ပြောတာပါ။
  • 「〜も」 က လည်း ဆိုတဲ့ အဓိပ္ပာယ်ပါ။ 「わたしも にじゅうはっさいです」 = ကျွန်မလည်း ၂၈ နှစ်ပါ။ 「さくら大学の 学生」 လို 「N1の N2」 ပုံစံက N2 ဟာ ဘယ်နေရာက၊ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ ပြပါတယ်။